Home        Articles        News        Poems        Love Poems        Aesop Fable        Links        Shwe Gas       

Wednesday, July 1, 2009

ကျိန်စာသင့်နီသော မြန်မာ့စွမ်းအင်

by newseditor last modified 2009-06-26 15:15

ဇွန်လ ၂၆၊ ၂၀၀၉ - ဆောင်းပါရှင် ကိုဝင်းအောင် (SGM) - မြန်မာနိုင်ငံသည် တောတောင် ရီမြီ သဘာဝနှင့် သယံဇာတ သဘာဝအရင်းအမြစ်များက မြန်မာနိုင်ငံအတွင်း မှီတင်းနီထိုင်ကြသော ဒေသခံအမျိုးသား လူမျိုးများကို လက်ဟိနအဖ စစ်အစိုးရ လက်အောက်တွင် ကြီးမားသော မက်လုံးများ ပီးလျက် ဟိပေသည်။ မြန်မာနိုင်ငံအတွင်း အဓိကစီးဆင်းနီသော ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်ရို့ကို လွမ်းမောဘွယ်ရာ တောင်တန်းကြီးများကြဖြစ်သော ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းရိုးမနှင့် မြောက်ဖက်စွန်းတွင် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနီသော ခါကာဘိုရာဇီတောင်များက ဝန်းရံလျှက်ဟိပြီး ၎င်းတောင်သည် အရှိတောင်အာသျှတွင် အမြင့်ဆုံးတောင် ဖြစ်ပေသည်၊၊

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရယူပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော မဆလအစိုးရလက်အောက်သို့ လုံးလုံးကြီး ကျရောက်ခပေသည်။ ဗိုလ်ချုပ်ကြီး နေဝင်း၏ ဖိနှိပ်ချုပ်ချယ်မှု ပြည်တွင်းနိုင်ငံရေး အမြတ်ထုတ်မှုများ စီးပွားရေး အလွဲသုံးစား လုပ်မှုရို့ကြောင့် ၁၉၈၈ ခုနှစ်တွင် ကျောင်းသားများနှင့် ဘာသာရေးခေါင်းဆောင်များ ဦးဆောင်သော ပြည်လုံးကျွတ်လူထုဆန္ဒပြ အရေးအခင်းကြီး ပေါ်ပေါက်ခသည်။ ၎င်းနောက် ၁၉၈၈ - စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ်မှ အာဏာ သိမ်းခဲ့ပြီး ယနေ့ထိတိုင် အာဏာလုပြီး တိုင်းပြည်ကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများနှင့် ဒေသခံ ဘိုးဘွားပိုင် သယံဇာတ ပစ္စည်းများအား အလွဲသုံးစား ထုတ်လုပ်မှု များမှရသော အရင်းအနှီး များဖြင့် စစ်တပ် အင်အား တိုးချဲ့ကာ ဗိုလ်ကျ ဖိနှိပ်လျက် ရှိပေသည်။

ကမ္ဘာ့ စွမ်းအင် ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာပြီးနောက် မြန်မာ စွမ်းအင် အရင်းအမြစ် များ ဖြစ်သော၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့၊ မီးသွေးနှင့် ကျောက်မီးသွေး တို့သည်လည်း အရေးကြီးသော မြန်မာ စွမ်းအင် ကဏ္ဍတွင် ပါဝင် လာပေသည်။ ၁၈၈၇ ခုနှစ်မှ စပြီး မြန်မာ ရေနံရှာဖွေရေး (ဘီအိုစီ) မှ လုပ်ကိုင်ခဲ့သည့် မြန်မာ ရေနံရှာဖွေရေး လုပ်ငန်းများကို ၁၉၈၅ တွင် မဆလ အစိုးရက စွမ်းအင်ဝန်ကြီးဋ္ဌာန (အမ်အိုအီး) ဟု ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ တဖန် နအဖ စစ်အစိုးရက ၁၉၈၉ ခုနှစ်တွင် အမ်အိုအီး အား စွမ်းအင်စီမံကိန်းဋ္ဌာန (အီးပီဒီ) အောက်ရှိ မြန်မာရေနံနှင့်သဘာဝ ဓါတ်ငွေ့ စီမံကိန်းအဖွဲ့ (အမ်အိုဂျီအီး)၊ မြန်မာ့ ရေနံဓါတု စီမံကိန်း (အမ်ပီအီး) နှင့် မြန်မာ ရေနံ ဓါတု ထုတ်ကုန် စီမံကိန်း (အမ်ပီပီအီး) တို့ဖြင့် ပြောင်းလဲ ဖွဲစည်း ခဲ့သည်။

ယခုအခါ စွမ်းအင်ဝန်ကြီးဋ္ဌာန အောက်ရှိ မြန်မာရေနံနှင့် သဘာဝ ဓါတ်ငွေ့ စီမံကိန်းအဖွဲ့ (အမ်အိုဂျီအီး) မှ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ အခန်းကဏ္ဍများကို လက်ဝါးကြီးအုပ် တာဝန်ယူ လုပ်ဆောင်လျှက် ရှိပေသည်။ တပြိုင်နက်တည်းမှာပဲ တခြားနိုင်ငံပိုင် စီးပွားရေး စီမံကိန်း တစ်ခုဖြစ်သော ဟိုက်ဒရိုကာဘွန် နှင့်ဆိုင်သော အခန်းကဏ္ဍများကို မြန်မာ့ရေနံဓါတုစီမံကိန်း (အမ်ပီအီး) က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ အမ်ပီအီးသည် ချောက်၊ သံပုရာကန်နှင့် သံလျင်၊ တောက်လျှောက်တို့တွင် သန့်စင်စက်များ မြေသြဇာပင်များ၊ မီသနော ပျိုးပင်များနှင့် တခြား ဆက်စပ်သော ပံပိုးမှုများကို ဆောင်ရွက်လျက် ရှိပေသည်။

မြန်မာနိုင်ငံ၏ စီးပွားဖြစ် စွမ်းအင် သုံးစွဲမှုသည် နှစ်ဆယ်ရာစု ဒုတိယပိုင်း စွမ်းအင်ရရှိနိုင်မှု ပမာဏနှင့် ဝယ်ယူသုံးစွဲနိုင်မှု ပမာဏတို့ကြောင့် လျော့နည်းလာခဲ့ရသည်။ ၎င်းအပြင် အလားတု စီးပွားရေး လုပ်ငန်းများ ဖြစ်သော ကျောက်မီးသွေး ရေနံနှင့် လျှပ်စစ်စွမ်းအင်တို့မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် နိုင်ငံစီးပွားရေး တိုးတက် ဖွံဖြိုးမှု လုပ်ငန်းများတွင် အင်မတန်မှ သေးငယ်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၉၇ဝ နှင့် ၁၉၈ဝ အစောပိုင်း ရေနံဈေး တိုးမြှင့်ရန် နိုင်ငံခြားသို့ ရေနံတင်ပို့သည့် အဖွဲ့အစည်းများ ဖြစ်သော (အိုပက်) ၏ အရေးယူ ဆောင်ရွက်မှု နောက်ပိုင်း ဖြစ်ပွားခဲ့သော ရေနံပျက်ကပ်နှစ်ခုမှာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖူလုံမှုကို ထိခိုက်မှု မရှိသလောက် ဖြစ်ပေသည်။

သိုသော်ငြားလည်း ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းယူခဲ့သော စစ်အစိုးရသည် ဈေးကွက် စီးပွားရေးစနစ်ကို စတင်သုံးစွဲမှုနှင့် စီးပွားရေးကဏ္ဍ အတော်များများတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုလိုက်သောကြောင့် အစိုးရပိုင် စီးပွားရေးစနစ် ပြုပြင် ပြောင်းလဲရန် ကြိုးစား ဆောင်ရွက်သည့် အခါတွင် စွမ်းအင် စီးပွားရေးမှာ အလျင်အမြန် မြင့်တက် လာခဲ့သည်။ ခေတ်သစ် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး တိုးတက်မှုမှာ မြန်မာနိုင်ငံ တောင်ဖက်ပိုင်း မုတ္တမပင်လယ်ကွေ့တွင် ၉ဝ ကီလိုမီတာ ကျယ်ဝန်းသော ရတနာ သဘာဝ ဓါတ်ငွေ့သိုက်ကို ရှာဖွေတွေ့ရှိခြင်းနှင့် လောင်စာ ဆာလောင်နေသော အိမ်နီးချင်း ထိုင်းနိုင်ငံ သို့ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ပြီး ဓါတ်ငွေ့ ရောင်းချခြင်းတို့ ဖြစ်ပေသည်။ ၎င်း စီမံကိန်းမှာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား နှစ်ပေါင်း သုံးဆယ်ကြာ ဓါတ်ငွေ့တင်ပို့မှု သဘောတူ စာချုပ်ကို ၁၉၉၄ စက်တင်ဘာလတွင် သဘောတူ ချုပ်ဆို ခဲ့သည်။ ဓါတ်ငွေ့ ပမာဏမှာ ၉ ဒဿမ ၇ ထရီလီယံ ကုဗပေ ဖြစ်ပြီး နအဖ စစ်အစိုးရ အတွက် အနည်းဆုံး ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်း ၈ဝဝဝ ရရှိမှာ ဖြစ်သည် ဟု ခန့်မှန်း ထားကြပေသည်။ ပြီးခဲ့သည် နှစ်များမှ စတင်၍ ဓါတ်ငွေ့ တင်ပို့ ရောင်းချမှုမှ ရရှိသည့် ဝင်ငွေမှာ အမေရိကန် ဒေါ်လာ သန်း ၂၅ဝဝ ကျော် အထိ တိုးမြင့်လာပြီး၊ ဤဝင်ငွေသည် နိုင်ငံစုစုပေါင်းဝင်ငွေ၏ လေးဆယ့်နှစ် ရာခိုင်နှုန်းကျော် အထိ ဖြစ်လာ ခဲ့ပေသည်။

၎င်းအပြင် ရခိုင်ကမ်းလွန်ဒေသ အေဝမ်း၊ အေသရီး လုပ်ကွက်မှ ထွက်ရှိလာမည့် ဓါတ်ငွေ့ ပမာဏမှာ အနည်းဆုံး ကိုး ဒဿမ တစ် ထရီလီယံ ကုဗပေ ရှိနိုင်ပြီး၊ နအဖ စစ်အစိုးရ အတွက် ဝင်ငွေမှာ နှစ်ပေါင်း နှစ်ဆယ်အတွင်း အမေရိကန်ဒေါ်လာ သန်း နှစ်သောင်းလေးထောင်ကျော် ရရှိမှာ ဖြစ်ပါသည်။ ၎င်း သဘာဝ ဓါတ်ငွေ့အား မြန်မာနိုင်ငံအတွင်း အမှောင်ထု ဖုံးလွှမ်းနေသော မြန်မာလူမျိုးများကို လျစ်လျူရှုကာ သန်းပေါင်းများစွာသော တရုတ်လူမျိုးများအတွက် မြန်မာနိုင်ငံအတွင်းမှ ကိုးရာကိုးဆယ် ကီလိုမီတာ ရှည်လျားသော ပိုက်လိုင်းကြီးများဖြင့် တင်ပို့ရောင်းချမှာ ဖြစ်ပါသည်။ တပြိုင်နက်တည်းမှာပင် တရုတ်နိုင်ငံသည် အာဖရိကတိုက်နှင့် အရှေ့အလယ်ပိုင်းမှ ရေနံများကို သဘောင်္ဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အထိ သယ်ယူပြီး၊ ၎င်းမှတဆင့် ဓါတ်ငွေ့ ပိုက်လိုင်းဖြင့် အပြိုင် ရေနံပိုက်လိုင်း တခုကို တည်ဆောက်၍ ယူနန်ပြည်နယ်သို့ သယ်ယူမည် ဖြစ်ပေသည်။

ဤကဲ့သို့ အမေရိကန်ဒေါ်လာ သန်း နှစ်ထောင့်ငါးရာ ကုန်ကျခံမည် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရာတွင် ရခိုင်ပြည်နယ်မှ မကွေးတိုင်း၊ မန္တလေးတိုင်း တို့ကို ဖြတ်ကျော်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းထိ တိုင်အောင် ၉၉ဝ ကီလိုမီတာ ရှည်လျားသော ပိုက်လိုင်း တည်ဆောက်ရာ တလျှောက်လုံး အနီးတဝိုက်ရှိ နေထိုင်လျက် ရှိသော မြို့နယ် ကျေးရွာများ၏ အနာဂါတ်မှာ မတွေးဝံ့စရာ ကြောက်စရာ ကောင်းလှပေသည်။ ပိုက်လိုင်း တည်ဆောက်ရေး နှင့် ပိုက်လိုင်း လုံခြုံရေးအတွက် စစ်တပ် အင်အား တိုးချဲ့ ချထားလာသည် နှင့်အမျှ ၎င်းပိုက်လိုင်း ဖြတ်သွားရာ ၅-၈ ကီလိုမီတာ တဖက်တချက်တွင် နေထိုင်လျက် ရှိသော ဒေသခံ တိုင်းရင်းသားများအား လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ သဘာဝ အပင်များ ခုတ်လှဲမှု၊ ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေများ အသိမ်းခံရမှု၊ အတင်းအဓမ္မ နေရာ ပြောင်းရွှေ့မှုများနှင့် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုများ အငြင်းပွားမှုများ၊ ဒေသခံ အမျိုးသမီးများအပေါ် မတရား အနိုင်ကျင့်မှုများမှာ မလွဲမသွေ ရှောင်ရှား၍ မရသော ဆိုးကျိုးများ ဖြစ်ပေလိမ့်မည်။

နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မြန်မာနိုင်ငံ တောင်ပိုင်းရှိ ခြောက်ဆယ့်သုံး ကီလိုမီတာ ရှည်လျားသော ရတနာ-ရဲတံခွန် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းသည် ဓါတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးနှင့် တည်ဆောက်ရေးအတွက် စစ်တပ်အင်အား တိုးချဲ့ရာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှု ပိုက်လိုင်းသွားရာ လမ်းတလျှောက်ရှိ သဘာဝ အပင်များ ခုတ်လှဲမှု ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေများ အသိမ်းခံရမှု၊ အတင်းအဓမ္မ နေရာ ပြောင်းရွှေ့မှုများနှင့် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုများ၊ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းအား စစ်တပ် အင်အားအသုံးပြုကာ ဒေသခံများအား ၁၉၉၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပြီးစီးအောင် ဆောက်လုပ်ရန် စေခိုင်းခဲ့သည်။

၎င်းအပြင် ဤစီမံကိန်းမှ ရရှိသော နိုင်ငံခြား ဝင်ငွေများသည် နအဖ စစ်အစိုးရ အဖို့ စစ်တပ် အင်အား တိုးချဲ့ရေးနှင့် ပြည်တွင်း တိုင်းရင်းသားများကို ဖိနှိပ် ချုပ်ချယ်ရေး အတွက်သာ အဓိက ဖြစ်လာပေသည်။ ၂ဝဝ၁ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သဘာဝ ဓါတ်ငွေ့ ရောင်းချ၍ ရရှိသော ပထမ လက်ငင်းငွေ အမေရိကန်ဒေါ်လာ သန်းတရာထဲမှ သန်းလေးဆယ်ကို ရုရှားနိုင်ငံမှ အမ်အိုင်ဂျီ ၂၉ တိုက်လေယဉ် ၁ဝ စင်းဝယ်ယူရန် ရုရှား အစိုးရအား လက်ငင်း ပေးခဲ့သည်။ စုစုပေါင်း ၎င်း တိုက်လေယဉ်များ ဝယ်ယူရန် အမေရိကန် ဒေါ်လာ ၁၃ဝ သန်း သုံးစွဲခဲ့သည်။

လက်ရှိ အခြေအနေတွင် စွမ်းအင် လုံခြုံရေးသည် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဖွံဖြိုးပြီးနိုင်ငံများတွင် အဓိက ပြဿနာ တရပ် ဖြစ်သည်နှင့်အညီ အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ တို့သည် မြန်မာနိုင်ငံမှာ စွမ်းအင် ရရှိရေးအတွက် ဒေသတွင်း ပြိုင်ဆိုင်မှုများ ကြီးထွား လာပေသည်။ စွမ်းအင် ရင်းနှီး မြှုပ်နှံမှုကဏ္ဍများနှင့် ပူးပေါင်း ဆောင်ရွက်ရေး တွင်လည်း ကိုရီးယား၊ ရုရှား၊ တရုတ် အပါအဝင် အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် ဘင်းစတက်စ် (BIMSTEC) အဖွဲ့ဝင် နိုင်ငံများ ပိုမို ပါဝင် လာကြပေသည်၊၊

မြန်မာနိုင်ငံသည် ၂ဝဝဝ ခုနှစ်မှ စ၍ အာရှ-ပစ္စဖိတ် ဒေသအတွင်း သဘာဝ ဓါတ်ငွေ့ကို ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချသော အဓိက နိုင်ငံ ဖြစ်လာပေသည်။ ၎င်းအပြင် BIMSTEC ခေါ် အရှေ့တောင်အာရှနှင့် တောင်အာရှ နိုင်ငံများ၏ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်းကြီး၏ စွမ်းအင်ကဏ္ဍကို တာဝန်ယူထားပြီး၊ အာဆီယံ နိုင်ငံများ အတွင်းရှိ အာဆီယံ ဒေသအတွင်း သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းနှင့် လျှပ်စစ် စွမ်းအင် စီမံချက်များကို အဓိက တာဝန်ယူ ဆောင်ရွက်နေသော နိုင်ငံ ဖြစ်သည်။ သို့သော်လည်း မြန်မာပြည်သူ လူထု တရပ်လုံးမှာ အမှောင် ဆင်းရဲတွင်း ထဲမှ မရုန်းထွက်နိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းတွင် စွမ်းအင်ကို ပြည်သူလူထု တရပ်လုံး၏ လိုအပ်ချက်အပေါ် စနစ်တကျ မူဝါဒ ရှိမနေသေးသမျှ လောင်စာစွမ်းအင်နှင့် ပတ်သက်၍ ဆက်လက်ပြီး အခက်အခဲများကို ကျော်လွှား နိုင်အုံးမည် မဟုတ်ပေ၊၊

ဒေဝူး အင်တာနေရှင်နယ် ကုမ္ပဏီသည် ရွှေသဘာဝ လုပ်ကွက်တွင် အဓိက ရှယ်ယာ ပိုင်ဆိုင် ထားသည့် အားလျော်စွာ နအဖ စစ်အစိုးရအား ကူညီ ပံ့ပိုးမှုနှင့် ဆက်ဆံရေး တောင့်တင်း ခိုင်မာလာခဲ့ပေသည်။ ၂ဝဝ၆ ခုနှစ်တွင် နအဖ စစ်အစိုးရအား စစ်လက်နက် စက်ရုံ တည်ဆောက်ရေးနှင့် နည်းပညာ အကူအညီ လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၁၃၃ သန်းတန် ပစ္စည်း ကရိယာများကို တရားမဝင် ကူးသန်း ရောင်းဝယ်ပြီး ထောက်ပံ့ခဲ့သည်။ ၎င်းကိစ္စအား ကိုရီးယားအစိုးရက တရားမဝင် လက်နက် ကုန်ကူး တင်ပို့ ရောင်းချခြင်းအတွက် ပြစ်ဒဏ် ချမှတ်သည် ဆိုသော်လည်း၊ ဒေဝူး ဗဟို အလုပ်အမှုဆောင် အဖွဲ့အား ကိုရီးယား တရားရုံးတွင် မပြောပလောက်သော ဒဏ်ငွေရိုက်ပြီးသာ အမှုကို အပြီးသတ်စေခဲ့သည်။

ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သော အိန္ဒိယနိုင်ငံသည် ပြီးခဲ့သော ဆယ်စုနှစ် လောက်က နအဖစစ် အစိုးရအား ဆန့်ကျင် လာခဲ့သော်လည်း၊၂ဝဝ၄ ခုနှစ် အစောပိုင်း လောက်မှ စတင်၍ ရခိုင် ရွှေသဘာဝ လုပ်ကွက်မှ ဓါတ်ငွေ့ တင်သွင်းနိုင်ရေးအတွက်၊ နအဖ စစ်အစိုးရအား စစ်လက်နက် ပစ္စည်းများ စစ်သုံး ရဟတ်ယဉ်များ၊ မော်တာများ၊ လေယဉ်ပစ် လက်နက်များ၊ တင့်ကားများကို ဆက်တိုက် ပံ့ပိုး ရောင်းချ ခဲ့ပေသည်။ ၎င်းနည်းတူ တရုတ် အစိုးရသည်လည်း ထူးမခြားနားပေ။ ၂ဝဝ၇ ခုနှစ် မြန်မာ အရေးအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဆွေးနွေးရာ၌ ဗီတိုအာဏာ သုံးပြီး နအဖ အစိုးရအား အကာအကွယ် ပေးခဲ့သည်မှာ ပိုပြီးပေါ်လွင်ခဲ့သည်၊၊

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများမှာ မြန်မာနိုင်ငံမှ စွမ်းအင် သဘာဝ အရင်းအမြစ်များကို ရယူရန် ပြိုင်ဆိုင်မှု ကြီးထွားလာသည်နှင့်အမျှ၊ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော၊ မြန်မာ လူထုများမှာမူ သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့် စက်မှုလက်မှု လုပ်ငန်းများအတွက် လောင်စာကို အဆမတန် ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲရန် မလွယ်လှပေ။ မြန်မာနိုင်ငံ နေရာ အနှံအပြားတွင်လည်း လျှပ်စစ်မီးများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ ထံမှ ဈေးနှုန်း အဆမတန် ပေးပြီး ဝယ်ယူ သုံးစွဲရသော အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ပြီးခဲ့သော ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးသည်ပင်လျှင် လောင်စာဆီ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ရာမှ အစပျိုး၍ လူမှုစီးပွား အကျပ်အတည်း များကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော လူတန်းစား ပေါင်းစုံပါဝင်သည့် လူထုအုံကြွမှုကြီး ဖြစ်ပေသည်။ ၂ဝဝ၆ ခုနှစ်အထိ ပြည်နယ်နှင့် တိုင်းများ အလိုက် လူတစ်ဦးချင်း လျှပ်စစ် ဓါတ်အား သုံးစွဲမှုမှာ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူ တဦးချင်း နေ့စဉ်အသုံးပြုသော လျှပ်စစ်စွမ်းအင်မှာ ၃ မီဂါဝပ်သာ ဖြစ်ပြီး၊ တိုင်းနှင့်ပြည်နယ် (၁၄) ခုအနက် အနိမ့်ဆုံး ဖြစ်ပေသည်၊၊ အရှေ့တောင်အာရှနှင့် ကမ္ဘာ့ စွမ်းအင်အဖွဲ့မှ ထုတ်ပြန်သော စာရင်းဇယားအရ ၂ဝဝ၆ ခုနှစ် အထိ မြန်မာနိုင်ငံရှိ လူဦးရေ ၄၆ သန်း ခန့်သည် လျှပ်စစ်မီး မရှိပဲ နေထိုင် လာခဲ့သူများ ဖြစ်သည်။

၁၉၅၁ ခုနှစ်တွင် အစိုးရက အကြီးဆုံး လျှစ်စစ် ဖြန့်ဝေရေးဘုတ်အဖွဲ့ (အီးအက်စ်ဘီ) ကို ဖွဲ့စည်းပြီး၊ စွမ်းအင် စနစ်ကို နိုင်ငံပိုင် ပြုလုပ်ခဲ့သည်။ ၁၉၇ဝ ခုနှစ်တွင် အီးအက်စ်ဘီ အား မြန်မာလျှပ်စစ်ဓါတ်အား စီမံကိန်း (အမ်ပီပီအီး) အဖြစ် ပြောင်းလဲဖွဲစည်းခဲ့ပြီး၊ ယခု စွမ်းအင်ဝန်ကြီးဋ္ဌာနအဖြစ် မြန်မာနိုင်ငံ၏ စွမ်းအင် စီးပွားရေးကို လက်ဝါးကြီးအုပ် ချုပ်ကိုင် ထားခဲ့သည်။ မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ် အလယ်ပိုင်းအထိ အကြီးဆုံး စွမ်းအင်ဋ္ဌာန ၁ဝ ခုမှာ ရန်ကုန်တိုင်း အတွင်းရှိ လှော်ကား၊ အလုံ လျှပ်စစ် ဓါတ်အားပေးစက်ရုံ၊ သာကေတ လျှပ်စစ် စွမ်းအားပေးစက်ရုံ၊ ရွာမ ရေနံဓါတ်ငွေ့ တာဘိုင်၊ ပဲခူးတိုင်းအတွင်းရှိ ဓါတ်ငွေ့တာဘိုင်၊ မန္တလေးတိုင်းရှိ ပေါင်းလောင်း ရေအားလျှပ်စစ်၊ ကယားပြည်နယ်ရှိ ဘီလူးချောင်း ရေအားလျှပ်စစ်၊ ရှမ်းပြည်နယ်ရှိ တိုက်ကျိ၊ မကွေးတိုင်းရှိ မုန်းချောင်း ရေအားလျှပ်စစ်၊ ဧရာဝတီတိုင်းရှိ မြန်အောင် ဓါတ်ငွေ့ တာဘိုင်တို့ ဖြစ်ပြီး၊ စုစုပေါင်း ထုတ်လုပ်သည့်လျှပ်စစ်စွမ်းအား မီဂါဝပ်ပေါင်း တထောင်နှစ်ရာကျော် ထုတ်လုပ် နိုင်ပေသည်။ ၎င်းအပြင် ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၆ ခုနှစ် အတွင်း တည်ဆောက်ခဲ့သော တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ရေအား လျှပ်စစ် စီမံကိန်းပေါင်း (၁၅) ခု မှလည်း လျှပ်စစ် စွမ်းအင် ပမာဏ မီဂါဝပ်ပေါင်း ၁၉ဝဝ ကျော် ထုတ်လုပ် နိုင်ရန် တည်ဆောက် ခဲ့လေသည်၊၊

သံလွင်မြစ် တလျှောက်တွင် တည်ဆောက် လျက်ရှိသော တာဆန်း ရေကာတာနှင့် ရေအား လျှပ်စစ် စီမံကိန်း အပါအဝင်၊ တခြားသော စီမံကိန်းများမှ လျှပ်စစ်စွမ်းအင် ပမာဏ ၁၆ဝဝဝ မီဂါဝပ် ထုတ်လုပ် နိုင်မှာ ဖြစ်ပြီး၊ ၎င်း လျှပ်စစ် စွမ်းအားများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချသွားမည် ဖြစ်ပေသည်၊၊ ဤ စီမံကိန်းကြောင့် ဒေသခံ လူထု သိန်း၊ သန်း ချီပြီး နေရာ ပြောင်းရွှေ့မှုများ ဖြစ်ပေါ် လာနိုင်သည့်အပြင်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုများ၊ ဇီဝ သက်ရှိ မျိုးစေ့ ပြုန်းတီးမှုများ မလွဲမသွေ ဖြစ်ပေါ် လာနိုင်သည်ဟု သံလွင် ရေကာတာ စောင့်ကြည့်ရေးအဖွဲက ဤစီမံကိန်းအား ဆန့်ကျင်လျက် ရှိပေသည်။

ဤစီမံကိန်းတွင် အဓိက ကုမ္ပဏီများမှာ ထိုင်းနိုင်ငံမှ EGAT နှင့် အမ်ဒီအိတ်စ် ကုမ္ပဏီများ ဖြစ်ပြီး၊ တရုတ်နိုင်ငံမှ ချိုင်းနိစ်ဆီဇူဘိုနှင့် ဆီနိုဟိုက်ဒရိုကုမ္ပဏီများမှ လက်ဝါးကြီးအုပ် ချုပ်ကိုင် ထားပေသည်။ ၂ဝဝ၇ ခုနှစ် အထိ စီမံကိန်းပေါင်း ၄၁၇ ခုကို အဓိက ရင်းနှီး မြှုပ်နှံသော နိုင်ငံများမှာ ထိုင်း၊ စကာင်္ပူ၊ မလေးရှားနှင့် အင်္ဂလန် နိုင်ငံများဖြစ်ကြသည်။ ၂ဝဝ၆ ခုနှစ် အထိ မြန်မာနိုင်ငံ၏ စွမ်းအင် လိုအပ်ချက် ပမာဏကို ၁၁၄ဝ မီဂါဝပ်ဟု အစိုးရပိုင် သတင်းဋ္ဌာနများမှ ဖော်ပြခဲ့သော်လည်း ၎င်းတွင် ကျေးလက် ဒေသ လျှပ်စစ်မီးများ ရရှိရေး စီမံကိန်းများ မပါဝင်ခဲ့ပေ။

အထက်ပါ အချက်အလက်များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် ပြည်တွင်း စွမ်းအင် လိုအပ်ချက်ကို ဖူဖူလုံလုံ ဖြည့်စွက်နိုင်မည့် အနေအထားတွင် ရှိခဲ့သော်လည်း၊ လက်ရှိ အုပ်ချုပ်နေသော နအဖ စစ်အစိုးရ၏ ကိုယ်ပိုင် အကျိုးအမြတ် ထုတ်ယူမှု၊ နိုင်ငံ စီးပွားရေးကို အလွဲသုံးစားလုပ်မှု၊ စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ ပြည်သူများအား အကျိုးရှိစေမည့် ပေါ်လစီ မူဝါဒများ မထားရှိခြင်း၊ စစ်အာဏာရှင် စနစ် တည်တံ့ ခိုင်မြဲရေးအတွက် သူတို့၏ ယန္တရားတွင် အဆမတန် သုံးစွဲခြင်း တို့ကြောင့် တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနှင့် လျှပ်စစ် စွမ်းအား သုံးစွဲနိုင်မှု ကဏ္ဍများသည် တစတစ ပိုမို ဆိုးရွား လာခဲ့ပေသည်။ တိုင်းရင်းဒေသ အသီးသီးတွင် ချက်ရေး ပြုတ်ရေးနှင့် မီးရရှိရေးအတွက် ထင်း၊ ကျောက်မီးသွေးနှင့် ဖယောင်းတိုင်၊ မီးခွက်များသည် မရှိမဖြစ် လိုအပ်သော ဈေးနှုံး မြောက်များစွာ ပေး၍ ရှာဖွေ ဝယ်ယူရသော ပစ္စည်းများ ဖြစ်လာပေသည်။ ဤကဲ့သို့ သံယံဇာတ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် နေထိုင်ကြသော မြန်မာ နိုင်ငံသားများနှင့် တိုင်းရင်းသား လူမျိုးစု အသီးသီးတို့သည် မိမိတို့ ဘိုးဘွားပိုင် သယံဇာတ အရင်းအမြစ်များအား မိမိတို့၏ဆန္ဒ တစုံတရာ မပါပဲ ကိုယ်ကျင့်တရား ကင်းမဲ့သော နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့် နအဖ စစ်အုပ်စုတို့ ပူးပေါင်း၍ အမြတ်ထုတ် ဂုတ်သွေး စုပ်ယုနေသည်ကို စစ်အာဏာရှင်စနစ်၏ သေနတ် ပြောင်းဝအောက်တွင် ခေါင်းငုံ့ နေရပေသည်။

မြန်မာနိုင်ငံ၏ မူလ ရေနံပိုင်ဆိုင်မှုသည် ရေနံစည်ပေါင်း သန်းပေါင်း သုံးထောင်ရှိခဲ့သည်။ သို့သော်လည်း ရေနံမြေများ၏ ရေနံ ထုတ်လုပ်မှု သက်တမ်းမှာ အလွန်အမင်း ကြာရင့်နေပြီ ဖြစ်သောကြောင့် လက်ရှိ ရေနံပိုင် ဆိုင်မှု ပမာဏမှာ သန်းပေါင်း တထောင်နီးပါးသာ ကျန်ရှိတော့သည်။ ထို့ကြောင့် ရခိုင်ပြည်ရှိ သဘာဝဓါတ်ငွေ့ သည် နောင် အနာဂတ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန်အလို့ငှာ မရှိမဖြစ် လိုအပ်သော သဘာဝ သယံဇာတ အရင်းအမြစ် ကုန်ကြမ်း တခု ဖြစ်ပေသည်။ သို့ရာတွင် ထိုသို့ တန်ဖိုးကြီးမားလှသော သယံဇာတ ပစ္စည်းများကား လက်ရှိ စစ်အစိုးရ၏ ၎င်းတို့ အာဏာ တည်မြဲရန် အလို့ငှာ သင့်လျော်သော စီမံ ခန့်ခွဲမှုများ မရှိဘဲ ပြည်ပ နိုင်ငံများသို့ အတိုင်းအဆမရှိ ရောင်းချခြင်းဖြင့် ပြည်သူတို့ထံ၌ အကျိုးအမြတ် တစုံတရာမျှ မကျန်ရစ်ခဲ့ဘဲ အချိန်တို အတောအတွင်းမှာပင် ကုန်ဆုံး သွားရတော့မည် ဖြစ်ပေသည်။

အကယ်၍ လက်ရှိ နအဖ စစ်အစိုးရသည် ပြည်သူလူထု အကျိုးအမြတ်အတွက် စနစ်တကျ စီမံခန့်ခွဲမည် ဆိုပါလျှင် ယခုလက်ရှိ တူးဖော်နေသော ရခိုင်ပြည်ရှိ သဘာဝဓါတ်ငွေ့သိုက်သည် အလွန်တရာမှ အသုံးဝင်သော စွမ်းအင် အရင်းအမြစ် တခုပင် ဖြစ်ပေသည်။ ဥပမာအားဖြင့် ဖော်ပြရမည် ဆိုပါလျှင် ရခိုင်ကမ်းလွန် အတွင်း၌ တူးဖော်လျှက်ရှိသော လုပ်ကွက် (A – 1 and 3) မှထွက်ရှိမည့် ဓါတ်ငွေ့ ပမာဏမှာ ၉ ဒဿမ ၁ ထရီလီယံ ကုဗပေ ထွက်ရှိပေမည်၊ ဤ သဘာဝ ဓါတ်ငွေ့ စွမ်းအင်ကို လျှပ်စစ် စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုမည် ဆိုပါက အာရှ ဒေသအတွင်း ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံများတွင် လျှပ်စစ်ဓါတ်အား ၁ မီဂါဝပ်သည် အိမ်ထောင်စုပေါင်း သုံးထောင်အတွက် ၂၄ နာရီ ပတ်လုံး လျှပ်စစ် စွမ်းအားကို ဖြည့်ဆည်း ပေးနိုင်သည်၊ မြန်မာနိုင်ငံ၏ လူဦးရေကို သန်းပေါင်း ခြောက်ဆယ်ဟု သတ်မှတ်မည်ဆိုပါက မြန်မာတနိုင်ငံလုံး၌ ခန့်မှန်းခြေ အိမ်ထောင်စုပေါင်း ၁၅သန်းခန့် ရှိပေမည်။ ထို အိမ်ထောင်စု ၁၅ သန်းအား လျှပ်စစ် ဓါတ်အား တရက်လျှင် ၂၄ နာရီ ပတ်လုံး ပေးဝေမည်ဆိုပါက တရက်လျှင် လျှပ်စစ်ဓါတ်အား မီဂါဝပ်ပေါင်း ၅ဝဝဝ ခန့် လိုအပ်မည် ဖြစ်ပါသည်။ သဘာဝ ဓါတ်ငွေ့ ပမာဏ တထောင် မီလီယံ ကုဗပေသည် လျှပ်စစ်စွမ်းအား ၅ဝဝဝ မီဂါဝပ် ထုတ်ပေး နိုင်ပေသည်၊ ထိုကြောင့် ရခိုင်ကမ်းလွန် ဒေသမှ ထွက်သော သဘာဝ ဓါတ်ငွေ့ ပမာဏ ၉ ဒဿမ ၁ ထရီလီယံ ကုဗပေသည် မြန်မာတနိုင်ငံလုံးအား လျှပ်စစ် ဓါတ်အား ၂၄ နာရီ ပတ်လုံးကို ရက်ပေါင်း ၉၁ဝဝ သို့မဟုတ် နှစ်ပေါင်း ၂၄ နှစ် ဆက်တိုက် ဖြန့်ဖြူး ပေးနိုင်ပေမည်၊၊ ရခိုင်ပြည်အတွင်းရှိ လူဦးရေ ၅ သန်းခန့်ကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး ပေးမည်ဆိုပါက အိမ်ထောင်စုပေါင်း တသန်းနှစ်သိန်းငါးသောင်းအတွက် နှစ်ပေါင်း ၂၆ဝ ကျော် ဆက်တိုက် အသုံးပြုရမည် ဖြစ်ပေသည်။ သို့ပါသော်ကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းသူ ပြည်သား အသီးသီးတို့မှာ မိမိတို့ ဘိုးဘွားများ ပိုင်ဆိုင်သော သဘာဝ သယံဇာတ ပစ္စည်းများကို ခံစား သုံးစွဲ ပိုင်ခွင့် မရသည့်အပြင် ၎င်းတို့နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသမျှ ဖိနှိပ်ချုပ်ချယ် ညှဉ်းပမ်း နှိပ်စက်မှုများကိုသာ ဆက်လက်၍ ခါးသီးစွာ ခံစား နေကြ ရပေသည်၊၊ ထိုကြောင့် ဤ လောင်စာ စွမ်းအင် အရင်းအမြစ်များသည် နအဖ စစ်အုပ်စု လက်အောက်တွင် ကျနော်တို့ မြန်မာပြည်သူများအဖို ကျိန်စာသင့်နေသောစွမ်းအင် အရင်းအမြစ်များ ဖြစ်နေပါသလားဟု တွေးမိပါတော့သည်။

ကိုးကားစာအုပ်စာရင်း။

- Mang Maung Aye : “The increasing situation of global oil company price and the fuel problem” Paper presented to National Defense Colleague, Yangon 24 January.

- World Energy Outlook

- A New Energy Frontier “The Bay of Bengal Region”

- Mc Graw Hill Company – (Electricity in Burma).

- Myanmar Energy Sector Banking on Natural Gas By, Dr Tin Maung Than

- Energy in the Bay of Bengal Region, Myanmar Perspective by Than Tun

- Total Denial

- Supply and Command (SGM)

Sunday, June 21, 2009

Letter to Indian Prime Misnister

Dr. Manmohan Singh
The Prime Minister of India,
C/O High Commissioner for India
India House
Aldwych
London
WC2B 4NA
22 June 2009

Dear Prime Minister,

We are writing to express our deep concern over the detained 34 members of Karen and Arakanese freedom fighters who are currently held in Kolkata 's Presidency jail in India. We write to urge you to release them immediately and unconditionally.

These 34 freedom fighters have been in jail since 1998 after they were betrayed by an Indian military intelligence officer who had offered them co-operation, lured them to India, and then accused them of terrorism. The Indian officer took a huge amount of money from the freedom fighters and killed six of their leaders in cold blood and arrested the rest of them.

They were in jail without trial for 8 years, and the trial now has been going on for 2 years. The
new session begins today. If found guilty, they could be jailed for many more years and could
be deported where they could face persecution by the Burma’s military regime.

We understand that these people were fighting for their freedom, and for their people who have
suffered under decades of military Dictatorship of Burma. We urge you to release the 34 Karen and
Arakanese freedom fighters immediately. Laws concerning terrorists should not used against these people who have engaged only for their rights of freedom for their country. This case is very damaging India’s reputation. Today’s day of Action is the start of new global campaign for the justice.

Yours sincerely,

Zoya Phan
Karen Community Association UK
zoya.phan@burmacampaign.org.uk

In cooperation with Arakanese Community in UK